Tuesday, March 19, 2019

အသင်းဝင်များ လိုက်နာရန်


အသင်းဝင်များ လိုက်နာရန် -



၁။ အသင်းနာမည်ကို အသုံးပြု မိမိအကျိုးစီးပွားအတွက် အသုံးချခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်။

၂။ MCS သည် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ခလေး၊လူငယ်များဘ၀ တိုးတက်အောင်မြင်ရေးကို ရှေးရှုသော ပရဟိတအသင်းသက်သက်ဖြစ်ပြီး မည်သည့်နိုင်ငံရေး ဘာသာရေးအဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်ပါ။

၃။ အများပြည်သူများမှ စေတနာ သဒ္ဒါဖြင့်လှူဒါန်းသော အလှူပစ္စည်း၊ ငွေကြေးများကို အဆိပ်သီးအဖြစ်ခံ လက်တလုံးခြား လုပ်ခြင်း၊ အလွဲသုံးစား လုပ်ခြင်းကို ပြင်းထန်စွားရှုံ့ချပါသည်။

၎။ အသင်းသားအချင်းချင်း ရိုင်းပင်းကူညီချင်းမှအပ မည်သည့် လူမှုရေး စီးပွားရေး အရှုပ်အရှင်းမှ မရှိစေရ။

၅။ အသင်းသို့ မည်သူတစ်ဦးတစ်ယောက်၏ အတင်းအကျပ်တိုက်တွန်းမှုမပါပဲ မိမိပရဟိတစိတ်ရှင်းရှင်းဖြင့် ၀င်ရောက်ခြင်းကိုသာ အမှန်တကယ်လိုလားပါသည်။

၆။ အသင်းနှင့်အသင်းသားများအား မရိုးဖြောင့်သောသဘောဖြင့် မည်သို့သော လိမ်လည်လှည့်ဖျားခြင်းကိုမျှ လက်ခံပေးမည်မဟုတ်ပါ။

၇။ အသင်းသားချင်းချင်း အကျိုးယုတ်စေသော မည်သည့် အကြောင်းအရာမျှ မပြုလုပ်ရ။

၈။ အသင်း၏ရည်ရွယ်ချက်အတိုင်း အတူတကွဆောင်ရွက်ရင်း ပရဟိတစစ်စစ်ဖြစ်အောင်ကြိုးစားနိုင်ရန် လိုလားပါသည်။

Myanmar Cyber Society (MCS) ပရဟိတ အသင်း

Friday, March 15, 2019

အသင်းရည်ရွယ်ချက်နှင့် Target

မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါးခလေးတွေ
နည်းပညာကို စိတ်ဝင်စားတယ်၊ ဘ၀အတွက် အတက်ပညာတစ်ခုခု တက်မြောက်ချင်တယ်...(တကယ်လည်း မတက်နိုင်ဘူး) တကယ်ဖြစ်ချင်တယ်ဆို ကျနော့်တို့ကို ပြောပါ။
သင်တန်းကြေးတွေ များလို့နည်းပညာနောက်မလိုက်နိုင်တဲ့ ခလေးတွေ ကို ကျတော်တို့သင်နိုင်တာ အခမဲ့ သင်ပေးမှာ ဖြစ်ပြီး ကျတော်တို့မသင်နိုင်တာဆို ကောင်းတဲ့သင်တန်းကျောင်းတွေမှာ
၇ ရက်သားသမီး အလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ကျောင်းထားပေးပါ့မယ်။
လုပ်မှာက နည်းပညာလေ့လာချင်တယ် ၊ သင်တန်းကြေးတွေများလို့ မတက်နိုင်တဲ့ မိဘမဲ့ သို့မဟုတ် ဆင်းရဲနွမ်းပါး ခလေးတွေကို သေချာ စီစစ်ရွေးချယ်ပြီး
အတိုင်းအတာတစ်ခုထိရောက်အောင် အခမဲ့ တက်နိုင်အောင် စီစဉ်ပေးမှာပါ...
လုပ်ငန်းခွင်ထဲထိရောက်ပြီး Professional လုပ်ကိုင်စားနိုင်တဲ့အထိ ပေါ့။
သူတို့ဝါသနာနဲ့ ကိုက်တဲ့ လမ်းအရ ကျောင်းထားပေးတဲ့သဘောပေါ့ဗျာ 😁
Computer Hardware သမားဖြစ်ချင် Hardware ၊
Network သမားဖြစ်ချင်ရင် Cisco အထိ၊
Developer ဖြစ်ချင် Dev ပေါ့ဗျာ ။
စာရင်းကိုဖြစ်ချင်ရင် LCCI Level III အထိပေါ့၊
တခြား အသက်မွေးမှုတွေမှာ ၀ါသနာပါရင်လည်း ဖြစ်အောင် လုပ်ပေးနိုင်အောင်ကြိုးစားပါ့မယ်။
English စာကတော့ တွဲပါနေအောင် လုပ်မှာပါ။
မိဘမဲ့ခလေးကျောင်းတွေ ထမင်းသွားကြွေးတာထက်စာရင် ..
တစ်ယောက်ချင်းစီ ဘ၀တွေ တိုးတက်ပြီး သူတို့ဘ၀တွေ မြင့်မားသွားမယ်ဆို ကျနော်တို့ အားထုပ်ရကြိုးနပ်ပါပြီ။
ခလေးတွေအတွက် လှူချင်လည်း ရပါတယ်။
အလှူငွေတွေ ပွင့်လင်းမြင်သာဖို့နဲ့ အလှူရှင်စာရင်း
ပျိုးထောင်ပေးလိုက်တဲ့ ခလေးတစ်ယောက်ချင်းစီနဲ့
ငွေကြေးရှင်းတန်းတွေ လတိုင်းလတိုင်း Page မှာ တင်ပေးပါ့မယ်။
ခလေးတစ်ယောက်အတွက် ကျနော်တို့ ၀ိုင်းလိုက်ရင်
အဆင်ပြေလောက်ပါတယ်...။
ကျနော်တို့ အသင်းပုံစံလေးလုပ်ပြီး ချပြသွားမှာပါ။
အသင်း နာမည်ကိုတော့ .....
Myanmar Cyber Society (MCS) လို့ တွေးထားတယ်။
အသင်းဆောင်ပုဒ်ကိုတော့...
"ပရဟိတသည် အတ္တဟိတ မဖြစ်စေရ။"
အာ့လေးလုပ်မလို့ပါ .... အလုပ်အကိုင်မပျက်ဘဲ...
ကိုယ်သုံးမယ့်ထဲက ... နည်းနည်းဖဲ့ပြီး ပညာဒါနလေး လုပ်ပေးခြင်းဖြင့်
တခြားသူတွေ ကို ကိုယ်တွေလို ဖြစ်စေချင်ရင် ကူညီနိုင်ပါတယ် 😀
အသင်းဝင်ချင်သူတွေ ကတော့ မန်ဘာကြေးသဘောမျိုး လုပ်ပြီး တလ ကို ၂ ထောင်လောက် ကောက်မယ်စိတ်ကူးတယ်
အသင်းဝင်ချင် မန့်ခဲ့ပါ။
ရှားသူ @ MCI
09 9655 255 12

တောင်းပန်ခြင်း

MCS Website အား စတင်ပြုလုပ်ဆဲမို့ 
ခနလောက် သီးခံပေးကြပါဦးနော်...။