Tuesday, March 19, 2019

အသင်းဝင်များ လိုက်နာရန်


အသင်းဝင်များ လိုက်နာရန် -



၁။ အသင်းနာမည်ကို အသုံးပြု မိမိအကျိုးစီးပွားအတွက် အသုံးချခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်။

၂။ MCS သည် မိဘမဲ့နှင့် ဆင်းရဲနွမ်းပါး ခလေး၊လူငယ်များဘ၀ တိုးတက်အောင်မြင်ရေးကို ရှေးရှုသော ပရဟိတအသင်းသက်သက်ဖြစ်ပြီး မည်သည့်နိုင်ငံရေး ဘာသာရေးအဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်ပါ။

၃။ အများပြည်သူများမှ စေတနာ သဒ္ဒါဖြင့်လှူဒါန်းသော အလှူပစ္စည်း၊ ငွေကြေးများကို အဆိပ်သီးအဖြစ်ခံ လက်တလုံးခြား လုပ်ခြင်း၊ အလွဲသုံးစား လုပ်ခြင်းကို ပြင်းထန်စွားရှုံ့ချပါသည်။

၎။ အသင်းသားအချင်းချင်း ရိုင်းပင်းကူညီချင်းမှအပ မည်သည့် လူမှုရေး စီးပွားရေး အရှုပ်အရှင်းမှ မရှိစေရ။

၅။ အသင်းသို့ မည်သူတစ်ဦးတစ်ယောက်၏ အတင်းအကျပ်တိုက်တွန်းမှုမပါပဲ မိမိပရဟိတစိတ်ရှင်းရှင်းဖြင့် ၀င်ရောက်ခြင်းကိုသာ အမှန်တကယ်လိုလားပါသည်။

၆။ အသင်းနှင့်အသင်းသားများအား မရိုးဖြောင့်သောသဘောဖြင့် မည်သို့သော လိမ်လည်လှည့်ဖျားခြင်းကိုမျှ လက်ခံပေးမည်မဟုတ်ပါ။

၇။ အသင်းသားချင်းချင်း အကျိုးယုတ်စေသော မည်သည့် အကြောင်းအရာမျှ မပြုလုပ်ရ။

၈။ အသင်း၏ရည်ရွယ်ချက်အတိုင်း အတူတကွဆောင်ရွက်ရင်း ပရဟိတစစ်စစ်ဖြစ်အောင်ကြိုးစားနိုင်ရန် လိုလားပါသည်။

Myanmar Cyber Society (MCS) ပရဟိတ အသင်း

0 comments:

Post a Comment